“Two Little Fish” Baby Clothing ဆိုင်ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ (၁၆) ရက်နေ့က ရန်ကုန်၊ City Mall St.John Level-2 မှာ ကျင်းပခဲ့ပါတယ်။ ဒီဆိုင်လေး ရဲ့ Brand Ambassador ဖြစ်တဲ့ အဆိုတော် စန္ဒီမြင့်လွင် ၏ သမီးလေး Treasure တို့မိသားစုက တက်ရောက် ချီးမြှင့် ပေးခဲ့ပါတယ်။
Two Little Fish မှ ပြည်တွင်းဖြစ် ကလေး အဝတ်အထည်များကို (၂၀၂၁) ခုနှစ်တွင် အွန်လိုင်း/ Online မှ စတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ကလေးငယ်များ အတွက် ချစ်စရာကောင်းတဲ့ ပွဲတက် ဂါဝန်များ နှင့် ချည်သားအင်္ကျီ ဒီဇိုင်းအသစ်များကို ရောင်းချပေးလျက်ရှိပါတယ်။