အဆိုတော် ဗီဗာဟိန်း နှင့် ကိုအာကာစိုး တို့၏ မင်္ဂလာဦး ဆွမ်းကျွေးအလှူကို ဒီဇင်ဘာလ (၂၄) ရက်နေ့က ရန်ကုန်၊ ကြည့်မြင်တိုင်ရှိ စလင်းကျောင်းတိုက် မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ချစ်သူသက်တမ်း (၂) နှစ်တာ ကာလ ဖြတ်သန်းခဲ့ပြီး ဘ၀ခရီးလမ်းကို အတူလက်တွဲ လျှောက်လှမ်းကြဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဗီဗာဟိန်း က ပြောပါတယ်။