သရုပ်ဆောင် လူမင်း ၊ နေတိုး ၊ မင်းမော်ကွန်း၊ ဖိုးချစ် ၊ စွမ်း၊ နေနော် ၊ ကိုပေါက် ၊ သားညီ၊ ရွှေသမီး ၊ ဝေလာရီ ၊ ကျော်ကြီး တို့ အဖွဲ့ ၊ ကိုလူချောများ အဖွဲ့ တို့က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး နဲ့ ပူးပေါင်းပြီး ဒီကနေ့ ၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် ပြည်သူတွေ နဲ့ အတူ ချီတက် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ၊ ရုံးမတက်ပဲ ရုန်းထွက်ကြရေး ၊ အာဏာမှောင်မိုက် စစ်စရိုက် ကျဆုံးရေး စတာတွေကို တောင်းဆိုး ဆန္ဒပြ ခဲ့ကြပါတယ်။