ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင်ဆန္ဒပြပွဲ (၇) ရက်မြောက်နေ့တွင် အဆိုတော် Rဇာနည်၊ ရန်ရန်ချန်း၊ အောင်လ၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ ဝိုင်းစုခိုင်သိန်း၊ Jewel ၊ ကေကေမိုး၊ ခင်စုစုနိုင်၊ မီးနို နှင့် ဂီတ အနုပညာရှင်များ စုပေါင်းပြီး ရန်ကုန်၊ ဘရူနိုင်း သံရုံးရှေ့မှာ ပြည်သူများ နဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
အာဏာသိမ်းမှုကို ရုံးမတက်ပဲ ရုန်းထွက် ဆန့်ကျင်ကြရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး နှင့် ဒီမိုကရေစီ နည်းအရ တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။
#MyanmarSinger #RZarni #WyneSuKhaingThein #YanYanChan #AungLa #PhyoPyaeSone #AungHtet #Jewel #KayKayMoe #KhinSuSuNaing #MeeNo #SaveMyanmar #MyanmarCDM