ဘရူနိုင်း သံရုံးသို့ အကူအညီ တောင်းခံစာ ပေးအပ်ခဲ့တဲ့ အနုပညာရှင်များ



သရုပ်ဆောင် ဇင်ဝိုင်း၊ လူမင်း၊ လွင်မိုး၊ ခင်လှိုင်၊ ထွန်းထွန်း၊ ကိုပေါက်၊ ခိုင်သင်းကြည်၊ ရွှေသမီး၊ ဆောင်းယွန်းစံ၊

ယွန်းယွန်း၊ သဘင်အနုပညာ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း နှင့် အနုပညာရှင်များ စုပေါင်းပြီး ဒီကနေ့၊

ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင်ဆန္ဒပြပွဲ (၇) ရက်မြောက်နေ့တွင်

ရန်ကုန်၊ ဘရူနိုင်း သံရုံးသို့ သွားရောက်ပြီး မြန်မာနိုင်ငံ အတွက် အကူအညီ တောင်းခံစာ ပေးအပ်ခဲ့ပါတယ်။

ထို့နောက် ဘရူနိုင်း သံရုံး မှတစ်ဆင့် တရုတ် သံရုံး သို့ သွားရောက်ပြီး ချီတက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။


အာဏာသိမ်းမှုကို ရုံးမတက်ပဲ ရုန်းထွက် ဆန့်ကျင်ကြရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး နှင့် ဒီမိုကရေစီ နည်းအရ တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။


#ZinWyne #LuMin #LwinMoe #KhinHlaing #KoPauk #TunTun #KhineThinKyi #ShweThamee #SaungYoonSan #YoonYoon #ThazinHtooMyint #TinMaungSanMinWin #HanZarMoeWin 

#SaveMyanmar #MyanmarCDM #MyanmarDemocracy

























 

Related Posts

Scroll to top