သရုပ်ဆောင် လူမင်း၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ ထူးခြား၊ ထူးအောင်၊ ညီနန္ဒ၊ မေကဗျာ၊ မေပန်းချီ ၊ အဆိုတော် အောင်ထက်၊
ဖြိုးမြတ်အောင် နှင့် အနုပညာရှင်များစွာ စုပေါင်းပြီး ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊ ဗိုလ်ချုပ်မွေးနေ့ တွင် ရန်ကုန်၊
မြောက်ဒဂုံ မြို့နယ်၊ ဘေလီတံတား အဆင်းရှိ ဗိုလ်ချုပ် ကြေးရုပ် ရှေ့မှာ အထိုင်သပိတ် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD အစိုးရအား ကြိုဆို ထောက်ခံကြောင်း နှင့် စစ်အာဏာရှင် စနစ်ကို အတူတကွ တွန်းလှန်ကြဖို့ တိုက်တွန်း ဆော်ဩခဲ့ကြပါတယ်။
#LuMin #MinMawKunn #NayMyoAung #HtooCharr #HtooAung #NyiNanda #MayKabyar #MayPanche #AungHtet #PhyoMyatAung #SaveMyanmar #MyanmarDemocracy