(၈) လ အရွယ် သမီးငယ်လေး ကို ထပ်မံ မွေးစားခဲ့တဲ့ ခိုင်နှင်းဝေ



သရုပ်ဆောင် ခိုင်နှင်းဝေ က မိဘများ မှ ဆက်လက် ပြုစုစောင့်ရှောက်ရန် အခက်အခဲ ရှိနေတဲ့ (၈) လ အရွယ် သမီးလေး ကို  "ခိုင်နှင်းဝေ" ရင်သွေးလေးများ ဂေဟာမှာ စောင့်ရှောက်ရန် အတွက် ဒီကနေ့၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင်ရန်ကုန်၊ အင်းစိန်မြို့နယ်မှာ ကိုယ်တိုင် သွားရောက်ခေါ်ယူခဲ့ပါတယ်။

ဖခင် ဖြစ်သူ က ကလေးငယ်ကို အရက်မူးပြီး ငွေတစ်သိန်းနဲ့ လိုက်ရောင်းနေတဲ့ အတွက် အင်းစိန်မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက  ခေါ်ယူထိန်းသိမ်းပြီး  သရုပ်ဆောင် ခိုင်နှင်းဝေ ထံကို ဆက်သွယ် အပ်နှံခဲ့တာလို့ သိရပါတယ်။ သမီလေးရဲ့ မိခင်ဖြစ်သူမှာလည်း ကလေး တစ်လကျော်အရွယ် ကတည်းက နောက်အိမ်ထောင်ပြုသွားတယ်လို့ သိရပါတယ်။ 

By Myanmar Celebrity #MyanmarActress #KhineHninWai 







 

Related Posts

Scroll to top