လူရွှင်တော် ဦးနောက်တိုး နှင့် လူရွှင်တော် အသင်း (ရန်ကုန်) အသင်းသားများ စုပေါင်းပြီး သက်ကြီး လူရွှင်တော်များဖြစ်တဲ့ ဦးဇင်း ဦးပေါ်လေး၊ ဦးမေတ္တာ၊ ဦးချစ်စရာ တို့ကို တစ်ဦးလျှင် ငွေကျပ် (၃၃၀,၀၀၀) အပြင် ဆန်၊ ဆီ၊ စားသောက်ကုန် ပစ္စည်းများ၊ ဆေးဝါး များဖြင့် ဒီကနေ့၊ စက်တင်ဘာလ (၉) ရက်နေ့ က အိမ်တိုင်ရာရောက် လိုက်လံ ကန်တော့ခဲ့ပါတယ်။
COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် လူရွှင်တော် အသင်း (ရန်ကုန်) ရဲ့ (၁၀) ကြိမ်မြောက် သက်ကြီး လူရွှင်တော် ကန်တော့ပွဲ အခမ်းအနား ကို ကျင်းပနိုင်တော့လို့ အခုလို အုပ်စုခွဲပြီး သက်ကြီး လူရွှင်တော် စုစုပေါင်း အယောက် (၆၀) ကို လိုက်လံ ကန်တော့ခဲ့တာလို့ သိရပါတယ်။
By Myanmar Celebrity #MyanmarComedian #NoutToe #Myittar #ChitSayar #UPawLay