သရုပ်ဆောင် နေဒွေး နှင့် We Love စေတနာရှင်များ ပူးပေါင်းလှူဒါန်း



သရုပ်ဆောင် နေဒွေး နှင့် We Love စေတနာရှင်များ ပူးပေါင်းပြီး၊ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကျူးကျော် ဆိုင်ခန်းတွဲမှာ ပိုလီယို ရောဂါသည် မြေးမလေး နဲ့ အတူ နေထိုင်လျက်ရှိတဲ့ အသက် (၉၀) ကျော် အဘွား ဒေါ်ကြည် အား အလှူငွေ ကျပ် (၁၅၀,၀၀၀) နှင့်အတူ ဆန်၊ ဆီ တို့ကို ဒီကနေ့၊ ဩဂုတ် (၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ ပေးအပ် လှူဒါန်းခဲ့ပါတယ်။
"လစဉ် (၁၈) ရက်နေ့ ၊ တစ်လ တစ်ခါ ဘိုးဘွားများကို စောင့်ရှောက် လှူဒါန်းကြ အစီအစဉ် အတိုင်း ဒုတိယ အကြိမ်မြောက် ပေးအပ် ထောက်ပံ့တာပါ။ We Love အဖွဲ့တွေ နဲ့ ပူးပေါင်း လှူဒါန်းတာပါ။ တစ်သက်လုံး လုပ်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်" လို့ သရုပ်ဆောင် နေဒွေး က ပြောခဲ့ပါတယ်။

By Myanmar Celebrity #MyanmarActor #NayDway #MyanmarCelebrityDonations




 

Related Posts

Scroll to top