"မိန်းမ ကိုယ်ဝန် က (၆) လ ထဲ ရောက်နေပြီ။ မိန်းမ အတွက် အာမခံ တင်ပေမယ့် ပယ်ချ ခံလိုက်ရတော့ စိတ်မကောင်းဘူး" လို့ သရုပ်ဆောင် မင်းရာဇာ က ပြောပါတယ်။
အိမ်အကူ မိန်းကလေး Grace အား ညှင်းပန်နှိပ်စက်မှု နဲ့ တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာ အပါအဝင် စုစုပေါင်း (၃) ဦး ကို ဒီကနေ့၊ သြဂုတ်လ (၁၂) ရက်နေ့ က ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ် တရားရုံးမှာ (၁၁) ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
By Myanmar Celebrity #MyanmarActor #MinYarZar #MyanmarCelebrityCrime