အိမ်အကူ မိန်းခလေး Grace အား ညှင်းပန်းနှိပ်စက်မှုဖြင့် တရားစွဲခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာ နှင့် အပေါင်းပါ (၄) ဦးကို ဒီကနေ့၊ မေလ (၇) ရက်နေ့က ရန်ကုန်၊ မြောက်ဥက္ကလာတရားရုံးမှာ စတင် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံနယ်မြေရဲစခန်း ၌ (ပ)၅၀၅/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ /၃၂၅ / ၃၅၄ / ၁၁၄ အမှုတွေဖြင့် စွဲချက်တင်ထားတာလို့ သိရပါတယ်။ မင်းရာဇာ ရဲ့ ယောက္ခထီး ဖြစ်သူ ဦးမောင်မောင်အေး ကိုတော့ တရားရုံးက ငွေကျပ် (၁၀) သိန်း ၊ ခံဝန် နှစ်ယောက် ဖြင့် အာမခံလွှတ် ပေးခဲ့ပါတယ်။
By Myanmar Celebrity #MinYarZar #MyanmarActor #MyanmarCelebrity Crime