မြန်မာနိုင်ငံမှ ထူးချွန်ကျွမ်းကျင်ပညာရှင်များအား ကျရာကဏ္ဍအလိုက် ဂုဏ်ပြုချီးမြှင့်သည့် မြန်မာဂုဏ်ဆောင်ဆု ရွေးချယ်ပွဲ “Myanmar’s Pride Awards 2019” ပွဲအခမ်းအနားကြီးကို မတ်လ(၅)ရက်နေ့ က Lotte Hotel၊ ရန်ကုန် မှာကျင်းပခဲ့ပြီး ကဏ္ဍ (၉) ခုအတွက် ဆုရွေးချယ် ပေးအပ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွက် “Myanmar’s Pride Awards" ဆုရှင်များကတော့
- "တစ်သက်တာဂုဏ်ထူးဆောင်" ထူးချွန်ဆု ကို ဘဘ စည်သူဘိုကလေးတင့်အောင်
- "Best in Sports" ဆု ကို မြန်မာ့လက်ရွေးစင် ရွှေတံဆိပ်ဆုရှင် ကြက်တောင် အားကစားသမား သက်ထားသူဇာ
- "Best in Arts & photography" ဆု ကို ဓာတ်ပုံ ပညာရှင် ဝဏ္ဏခွါနီး
- "Best in Social Work" ကို ပရိဟိတ လုပ်ငန်းရှင် ဒေါက်တာ သန်းမင်းထွဋ်
- "Best in Business" ဆု ကို စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် မလှလှဝင်း
- ဖက်ရှင် ဒီဇိုင်းဆု ကို ဒီဇိုင်းနာ မေမြတ်ဝါဆို
- Best in Trend ဆုကို Beauty & Lifestyle Blogger ဝင်းမင်းသန်း
- Best in Glamour ဆုကို မော်ဒယ်/ သရုပ်ဆောင် ဟန်တီ
- Best in Music ဆုကို အဆိုတော် နီနီခင်ဇော် နှင့်
- Best in Film ဆုကို သရုပ်ဆောင် နေတိုး တို့က ရရှိခဲ့ကြပါတယ်။
#MyanmarsPrideAwards2019 #BornInMyanmarRespectedByTheWorld #NayToe #EaindraKyawZin