မွေးရာပါ ဦးခေါင်း အကျိတ်ဘုကြီး ခွဲစိတ်မည့် ကလေးငယ်အား အလှူဒါနပြုခဲ့တဲ့ ထွန်းကိုကို
သရုပ်ဆောင် ထွန်းကိုကို က We Love Tun Ko Ko Fan များနဲ့အတူ ဖေဖော်ဝါရီလ (၁၈) ရက်နေ့က မွေးရာပါ ဦးခေါင်း အကျိတ်ဘုကြီး ခွဲစိတ်ရန် လိုအပ်နေသည့် (၇) လသားအရွယ် ကလေးငယ်အား အလှူငွေ ကျပ် (၂) သိန်းကို ဆေးဖိုးဝါးခအဖြစ် ရန်ကုန်ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဆောင်တွင် အလှူဒါနပြုခဲ့ပါတယ်။