လူမှုအကျိုးပြု ပရဟိတထူးချွန်ဆု ရရှိခဲ့ကြတဲ့ သရုပ်ဆောင် ဝေဠုကျော် နှင့် ခိုင်နှင်းဝေ
"HOPE CHARITY MYANMAR FOUNDATION" ရဲ့ (၅) နှစ်ပြည့် နှစ်ပတ်လည် နှင့်အတူ လူမှုအကျိုးပြု ပရဟိတထူးချွန်ဆု "Hope Charity Icon Award" နှင့် လူမှုအကျိုးပြု ပရဟိတ ဂုဏ်ထူးဆောင် သံအမတ်ဆု (Hope Charity Amdassador Award) ချီးမြှင့်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ (၃) ရက်နေ့က ရန်ကုန်၊ Sky Star Hotel မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ သရုပ်ဆောင် ဝေဠုကျော် (ဝေဠုကျော် ဖောင်ဒေးရှင်း)၊ မိုခမ်း (M.R.C.S) နှင့် ခိုင်နှင်းဝေ (ခိုင်နှင်းဝေ ဖောင်ဒေးရှင်း) တို့က ရရှိဆွတ်ခူးသွားကြပါတယ်။
By - MyanmarCelebrity
"ရှေ့မှာလည်း ဒေါက်တာဘွဲ့တွေ ရဘူးတယ်။ အခုလို ဆုတွေ ရတော့ အလုပ်တွေ ဆက်လုပ်ရမယ်။ ရပ်ပစ်လို့ မရဘူး ဆိုတဲ့ တာဝန်တွေ ပိုကြီးလာတယ်။ ကိုယ်နိုင်သလောက် ပရဟိတအလုပ်တွေ ဆက်လုပ်သွားမှာပါ" လို့ MC ကို ပြောပါတယ်။
#WaiLuKyaw
#SuHlaingWin
#MoKham
"အစ်မကို ဒီပွဲမှာ ဂုဏ်ပြုဆုလေး ပေးချင်တယ်လို့ ပြောလာတော့ ရင်တွေ တလှပ်လှပ်ခုန်လာတယ်။ ၀မ်းလည်း ၀မ်းသာတယ်။ ကိုယ်ပင်ပန်းတာတွေကို အသိအမှတ်ပြုပေးတော့ ပို ၀မ်းသာပါတယ်" လို့ MC ကို ပြောပါတယ်။
#KhineHninWai
#PaingTakhon
#MyanmarCelebrity #MyanmarAcor #MyanmarActress