ချမ်းချမ်း၊ နီနီခင်ဇော် တို့ဖျော်ဖြေခဲ့တဲ့ "တောကောင်လေးတို့အတွက် ရင်တွင်းစကားသံ" ပွဲ
ရန်ကုန်တိုင်းအတွက် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေခြင်း တားမြစ်မှုကို ကြိုဆိုသည့်အနေဖြင့် "တောကောင်လေးတို့အတွက် ရင်တွင်းစကားသံ" ပွဲတော် ကို နိုဝင်ဘာလ (၂) ရက်နေ့က ရန်ကုန်၊ မဟာဗန္ဓုလပန်းခြံ မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ဆိုတော် ချမ်းချမ်း၊ နီနီခင်ဇော် နှင့် အခြားအနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
By - MyanmarCelebrity
"အရင်တုန်ကလည်း ဆင်လေးတွေကို ကာကွယ်ဖို့အတွက် ပွဲလုပ်တုန်းက ဖိတ်တယ်။ ဒါပေမယ့် ခရီးသွားနေလို့ မဖျော်ဖြေဖြစ်ခဲ့ဘူး။ အခုတော့ ဒီပွဲလေးကို ဂုဏ်ယူစွာနဲ့ လာဖျော်ဖြေပေးဖြစ်တာပါ" လို့ MC ကို ပြောပါတယ်။
#NiNiKhinZaw
"တောရိုင်း တိရစ္ဆာန်တွေကို ဘေးမဲ့ပေးတဲ့ နေရာတွေလည်း ရှိသလို မှောင်ခိုကူးပြီး သတ်ဖြတ်နေတာတွေလည်း ရှိတယ်။ အုပ်စုလိုက် ကိုယ်ကျိုးရှာ အမြတ်ထုတ်နေတာလည်း ရှိတယ်။ ဒါတွေကို ပြည်သူတွေ တစ်ယောက်ချင်းစီက လက်ဆင့်ကမ်းပေးမယ်ဆိုရင် ထိရာက်တဲ့ ကာကွယ်မှု ဖြစ်မယ် ဆိုတဲ့ ပွဲလေးကို လာဖျော်ဖြေဖြစ်တာပါ" လို့ MC ကို ပြောပါတယ်။
#ChanChan
#HtetHtetHtun
#AungMyintMyat
#MyanmarCelebrity #MyanmarSinger #MyanmarActor #MyanmarModel