"The Grand Empress" Wedding Show အတွက် TVC ကြော်ငြာကို ဒီကနေ့ အောက်တိုဘာလ (၅) ရက်နေ့က Wyndham Grand Yangon Hotel မှာ သရုပ်ဆောင် ချာလီ နှင့် Beauty Blogger နေခြည်ဦး တို့က ရိုက်ကူးပေးခဲ့ကြပါတယ်။
By - MyanmarCelebrity
" အဓိက ဒီပွဲလေးမှာ ပါဝင်ဖြစ်တာကတော့ အရင်ကလည်း Empress နဲ့လည်း နေခြည် ရိုက်ဖူးတယ်။ ပိုင်ရှင်အမနဲ့လည်းခင်နေတာပေါ့နော်။ နေခြည့်ကို ဒီပွဲလေးမှာ commercial ရိုက်ပေးပါ ဆိုတော့ နေခြည် လည်းတစ်ခါမှ မလုပ်ဖူးတော့ Empress အတွက်လည်း နေခြည် ရိုက်ပေးချင်လို့ လက်ခံဖြစ်တာပါ။ ဒီနေ့ကတော့ Commercial ရိုက်ပေးတာပါ။ ၂၁ ရက်နေ့ကျရင် နေခြည် Show လျှောက်ပါ့မယ် " လို့ MC ကိုပြောပါတယ်။
#NayChiOo
" Wyndhan Grand ဒီ Hotel ရဲ့ Wedding Fair လေးအတွက် ပရိုမို ဗီဒီယိုလေး ရိုက်ကူးပေးနေတာပါ။ နေခြည် နဲ့ ကျွန်တော်နဲ့က အပြင်မှာ ရင်နှီးတဲ့ သူငယ်ချင်းတွေဆိုတော့ ဒီနေ့ရှုတင်ကလည်း ပျော်ပျော်ရွှင်ရွှင်လေးပါပဲ " လို့ MC ကိုပြောပါတယ်။
#Charlie
#MyanmarCelebrity #Charlie #NayChiOo