(၃၀၁) ဆူသော ရှေးဟောင်း မြတ်စွာဘုရားများအား ဗုဒ္ဓဂန္ဓံကုဋိစံကျောင်းတွင် သီတင်းသုံးတော်မူသည့် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ ကို အောက်တိုဘာလ (၂၄) ရက်နေ့က ရန်ကုန်၊ မှော်ဘီမြို့ ရှိ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ တွင် ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ အဆိုတော် စိုးသူ၊ စည်သူလွင်၊ Rဇာနည်၊ ဟဲလေး၊ ကော်နီ နှင့် အခြားအနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။
By - MyanmarCelebrity
"ဒီနားက ပရိသတ်တွေက ဘုန်းဘုန်းလုပ်ပေးတဲ့ ပွဲတွေကို ကြည့်ကြတာများတယ်။ ကိုယ်ဝါသနာပါတဲ့ အလပ်ြလည်း လုပ်ရပြီး ကုသိုလ်လည်း ရတော့ အတိုင်းမသိ ၀မ်းသာပါတယ်" လို့ MC ကို ပြောပါတယ်။
#RZarNi
#ThinzarWintKyaw
"ဆရာတော်ကို အရင်ကတည်းက ကိုးကွယ်ခဲ့တယ်။ ဒါကြောင့် ဆရာတော်ရဲ့ ဒကာတစ်ယောက်အနေနဲ့ ဖျော်ဖြေဖြစ်တာပါ" လို့ MC ကို ပြောပါတယ်။
#PhoeKar
#BillyLaMinAye
#SiThuLwin
#Connie
"ဘုန်းဘုန်းကို အသံနဲ့လာပြီး လှူဒါန်းတာပါ။ အရင်နှစ်တွေက ဖိတ်ပေးမယ့် သီတင်းကျွတ်ဆို ခရီးသွားတာကြောင့် မဖျော်ဖြေဖြစ်ဘူး။ ဒါကြောင့် ဒီနှစ်ကိုတော့ ရအောင်လာဆိုဖြစ်တာပါ" လို့ MC ကို ပြောပါတယ်။
#HeLay
#Pwint
#TharSoe
#SoeThu
"အရင်ကျောင်းဆောင်မှာ သီတင်းသုံးနေတဲ့ ရှေးဟောင်း ဘုရား (၃၀၁) ဆူကို အခု ကျောင်းဆောင်သစ်မှာ စံမြန်းတဲ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ ဖျော်ဖြေပွဲလေးမှာ လာရောက် ဖျော်ဖြေဖြစ်တယ်။ သီတင်းကျွတ်နဲ့လည်း တိုက်ဆိုင်တော့ ကုသိုလ်ယူရင်း လာရောက်ဖျော်ဖြေဖြစ်တာပါ" လို့ MC ကို ပြောပါတယ်။
#NyiHtutKhaung
#NayMin
#MyanmarCelebrity #MyanmarSinger #AyeThida #KyuKyuThin