သရုပ်ဆောင် စမိုင်းလ် ရဲ့ ခင်ပွန်း ဖြစ်သူ ကိုပြည့်မောင် ရဲ့ မွေးနေ့အကြိုအလှူကို ဒီကနေ့ အောက်တိုဘာလ (၁၄) ရက်နေ့က တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ မဟာလူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ၊ ဗကစာသင်ကျောင်းမှာ အလှူငွေ၊ တစ်နေ့စာနေ့ဆွမ်း၊ ကျောင်းသုံးစာရေးကိရိယာ နှင့် မိန်းကလေးအလှကုန်သုံးပစ္စည်းများ လှူဒါန်းခဲ့ပါတယ်။
#MyanmarCelebrity
" အကို့ မွေးနေ့အကြိုကို မင်္ဂလာပရဟိတကျောင်းလေးမှာ ကလေးတွေအတွက် တစ်နေ့စာအာဟာရ နောက်ပြီး ဒီကျောင်းမှာ မိန်းကလေးများတော့ အမလည်းသူတို့ကိုချစ်တော့ မိတ်ကပ်ပစ္စည်းလေးတွေ၊ ကျောင်းသုံးဗလာစာအုပ်၊ ဘောပန်၊ ခဲတံ နဲ့ မုန့်လေးတွေလာလှူဖြစ်တာပါ " လို့ MC ကိုပြောပါတယ်။
#Smile
#MyanmarCelebrity #Smile