သရုပ်ဆောင် မိုးစက်ဝိုင် နှင့် မျိုးကိုကိုစန်း တို့က "Myanmar Heart" Charity အဖွဲ့နှင့် ပူးပေါင်းပြီး ဒီကနေ့ အောက်တိုဘာလ (၁၆) ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှ လူနာများအတွက် ငွေကျပ် (၂,၅၀၀,၀၀၀) တန်ဖိုးရှိ ပိုးသတ်ထားတဲ့ အိပ်ယာခင်းနှင့် ခေါင်းအုံးစွပ် အစုံ (၁၀၀) လှူဒါန်းခဲ့ပါတယ်။
By - MyanmarCelebrity
"ကိုယ်ဆေးရုံတက်ရတဲ့အချိန်မှာ သိလာတဲ့ ခံစားမှု တစ်ခုကြောင့် အခုလို လှူဖြစ်သွားတာပါ။ ဆေးရုံတက်နေတဲ့အချိန် ဘယ်သူမဆို အားငယ်တတ်တယ်။ အိမ်တဲ့အချိန်မှာ ကောင်းကောင်း အိပ်နိုင်မှ အားရှိပြီး လန်းသွားမှာဖြစ်လို့ အားပေးမှု အသေးစားလေး အနေနဲ့ လှူဖြစ်တယ်" လို့ MC ကို ပြောပါတယ်။
#MoesetWine
#MyoKoKoSan
"မမိုးစက် က Myanmar Heart Charity Group နဲ့ ဒီဆေးရုံမှာ အလှူလုပ်ဖို့ ရှိတယ်။ ကိုယ်တိုင်လည်း ဒီဆေးရုံကို ပရဟိတနဲ့ ပတ်သက်ပြီး မရောက်ဖူးတာကြောင့် လာလှူဖြစ်တယ်" လို့ MC ကို ပြောပါတယ်။
*အနံ့အသက်မထွက်အောင်ရယ်၊ လူနာတွေ အေးအေးချမ်းချမ်း နေနိုင်အောင် လှူဖြစ်တာပါ။ ဒါတွေအကုန်လုံးက ယိုးဒယားက မှာယူထားတာပါ*
#MyanmarCelebrity #MyanmarActress