မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုများ နှင့် အနောက်တိုင်းဖက်ရှင် Wedding ပွဲ ဝတ်စားဆင်ယင်မှုတွေကို တင်ဆက်ပြသခဲ့တဲ့ Myanmar Plaza Love Garden Wedding Fair 2018 အခမ်းအနားကို စက်တင်ဘာလ (၁၂) ရက်နေ့က ရန်ကုန်၊ Myanmar Plaza မှာ ပြုလုပ်ခဲ့ပါတယ်။
By - MyanmarCelebrity
“ဒီပွဲကို စီစဉ်တဲ့ အစ်မနဲ့လည်း သိနေတာကြောင့် လာရောက်ဖျော်ဖြေဖြစ်တယ်။ လက်ဝတ်ရတနာ တွေကို ၀တ်လေ့ ၀တ်ထ မရှိပေမယ့် စိန် တော့ကြိုက်တယ်။ နာရီလောက်ပဲ ၀တ်ဖြစ်ပါတယ်” လို့ MC ကို ပြောပါတယ်။
#Shwehtoo
“ရတနာ ပစ္စည်းဆိုတာ မိန်းကလေး တော်တော်များများ နှစ်သက်ကြတဲ့ အရာတစ်ခုပါ။ ကိုယ်တိုင်လည်း နှစ်သက်တဲ့ အထဲမှာပါတယ်။ အနုပညာလုပ်နေရင်း ကြိုက်တဲ့အရာလေးတွေကိုလည်း ၀ယ်စုဖြစ်ပါတယ်” လို့ MC ကို ပြောပါတယ်။
#ChueLay
“၀တ်စုံတွေထဲမှာမှ ပုဝါအကြီးကြီးတွေပါတဲ့ ၀တ်စုံမျိုးကို ၀တ်ရတာ ပိုသဘောကျတယ်။ အဲလိုဝတ်လိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို Queen လို့ ခံစားမိတယ်။ လက်ဝတ်ရတနာ ဒီဇိုင်းသစ်လေးတွေလည်း မြင်ရတဲ့အတွက် သဘောကျပါတယ်” လို့ မော်ဒယ် ဇွန်သံစဉ် က MC ကို ပြောပါတယ်။
#MyanmarCelebrity #MyanmarSinger #MyanmarModel