"L'OREAL Paris Fashion Week (PFW) 2018" အတွက် စာနယ်ဇင်း ရှင်းလင်းပွဲ အခမ်းအနားကို စက်တင်ဘာလ (၂၅) ရက်နေ့က ရန်ကုန်၊ Melia Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို သရုပ်ဆောင် ၀တ်မှုံရွှေရည် နှင့် Beauty Blogger နေခြည်ဦး တို့က တက်ရောက်ခဲ့ကြပါတယ်။
By - MyanmarCelebrity
"နာမည်ကြီး ဒီဇိုင်နာတွေလည်း အများကြီး ပါတော့ စိတ်လှုပ်ရှားတယ်။ အရမ်းလည်း မိုက်မယ် လို့ ထင်တယ်။ မြန်မာပြည်ကို ပထမဆုံး L'OREAL ကဖိတ်တာမို့ ပထမဆုံး အဖိတ်ခံရတဲ့ ပွဲလည်း ဖြစ်တယ်။ Paris Fashion Week ကို သွားရမယ် ဆိုတော့ ၀မ်းသာပါတယ်" လို့ MC ကို ပြောပါတယ်။
#WuttHmoneShweYi
"ပြည်တွင်းဒီဇိုင်နာ နဲ့ ပြည်ပက ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေကို သေချာပြင်ဆင်ပြီး သွားဖို့ရှိတယ်။ Classic ဘက် ရောက်တဲ့ အ၀တ်မျိုးကို ပိုဝတ်မယ်။ အရမ်းလည်း စိတ်လှုပ်ရှားနေပါတယ်" လို့ MC ကို ပြောပါတယ်။
#NayChiOo
#MyanmarCelebrity #MyanmarActress #BeautyBlogger #MakeupArtist