သရုပ်ဆောင် စိုးပြည့်သဇင် ရဲ့ အသက် (၂၆) နှစ်ပြည့် မွေးနေ့ပွဲကို ဒီကနေ့ စက်တင်ဘာလ (၂၂) ရက်နေ့က ပရိသတ်တွေနဲ့အတူ ဒဂုံဆိပ်ကမ်းရှိ အမှတ်(၂) မှန်ကင်းပရဟိတကျောင်းတိုက်မှာ သံဃာတော်များကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပြီး မိဘမဲ့ကလေးငယ်များအတွက် နေ့လည်စာ၊ မုန့်၊ စာရေးကိရိယာ နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါတယ်။
By - MyanmarCelebrity
" နှစ်တိုင်းတော့ စိုးပြည့် မွေးနေ့ကို အလှူနဲ့ပဲ ဖြတ်သန်းဖြစ်တယ်။ တစ်နှစ်တစ်ခါ လှူမယ့်နေရာတွေတော့ ပြောင်းသွားတာပေါ့။ ကိုယ်လုပ်ချင်တဲ့ အရာကိုလုပ်ရလို့ မွေးနေ့တိုင်းတော့ စိုးပြည့် ပျော်တယ်။ အလှူလေးလုပ်ပြီး ကြည်ကြည်နူးနူးနဲ့ဖြတ်သန်းရတာကို ကြိုက်တယ် " လို့ MC ကိုပြောပါတယ်။
#SoePyaeThazin
#MyanmarCelebrity #SoePyaeThazin #WeLoveSoePyaeThazin