စိန်နန်းတော် နှင့် Pan Pacific တို့ပူးပေါင်းပြီးပြုလုပ်မယ့် Wedding Fair အတွက် Promotion Video ကို သြဂုတ်လ (၁၀) ရက်နေ့က ရန်ကုန်၊ Pan Pacific Hotel မှာ မော်ဒယ် အမရာငြိမ်း၊ မေဘရဏီသော်၊ မေမြတ်နိုး နှင့် ယွန်းမီမီကျော် တို့က ရိုက်ကူးပေးခဲ့ပါတယ်။
By-Myanmar Celebrity
"Jewellery အသားပေးဖြစ်ပေမယ့်လည်း ဒီဇိုင်နာ ကိုကောင်းမြတ် ရဲ့ ၀တ်စုံလည်းဖြစ်တဲ့ အတွက် အရမ်းလည်း သဘောကျတယ်၊ မြန်မာဆန်ဆန်လေးကိုပဲ အရမ်းကြီးလည်း ရှေးမဆန်ဘဲနဲ့ ခေတ်ဆန်ဆန်ပုံစံလေး ဖြစ်အောင် ရိုက်ထားပါတယ်" လို့ MC ကိုပြောပါတယ်။
#MayBaraniThaw
"ညီမ ၀တ်ရတဲ့ အရောင်လေးက မိန်းကလေးဆန်တဲ့ အရောင်ဖျော့ဖျော့လေး၊ ပန်းပုံစံဘယက်ကလေးနဲ့ Jewellery ဆိုလည်း တကယ့်ကို နုနုဖတ်ဖတ်လေးနဲ့ လှတယ်။ အရောင်ဖျော့ဖျော့ နဲ့ မိန်းကလေးဆန်တဲ့ ပုံစံလေးပါ" လို့ MC ကိုပြောပါတယ်။
#AmaraNyein
#MyanmarCelebrity #AmaraNyein #MayBaraniThaw