ဒါရိုက်တာ ကိုပေါက် ရိုက်ကူးပြီး မြန်မာ နှင့် ထိုင်း ပူးပေါင်းရိုက်ကူးမယ့် "Lady Boy" ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း ရှင်းလင်းပွဲ အခမ်းအနားကို ဒီကနေ့ သြဂုတ်လ (၂၉ ) ရက်နေ့က ရန်ကုန်၊ M3 Food Center မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ပြေတီဦး၊ ကျော်ကျော်ဗို၊ ထူးအောင်၊ အိချောပို၊ Kaew Korravee၊ ခင်လှိုင်၊ Joker၊ ညောင်ညောင်၊ Bank၊ K ညီ၊ P Nok၊ ဇီးသီး တို့အပြင် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံ မှ သရုပ်ဆောင်များစွာ ပါဝင်မှာဖြစ်ပါတယ်။
By - MyanmarCelebrity
“ဒီဇာတ်ကားလေးကို ရိုက်ဖို့ပြောထားတာ တော်တော်ကြာပြီ။ ကာရိုက်တာလေးကတော့ နိုင်ငံခြားကို ရောက်နေတဲ့ မြန်မာမိန်းကလေး ဆိုပေမယ့် နိုင်ငံခြားမော်ဒယ်လေပေါ့။ ဒါရိုက်တာပြောတဲ့အတိုင်း အနီးစပ်ဆုံးတူအောင် ကြိုးစားမယ်” လို့ MC ကို ပြောပါတယ်။
#EiChawPo
“ဇာတ်ကားလေးကို လက်ခံဖြစ်တာက ကိုယ်တိုင်ပါဝင်ပြီး ပြောထားတဲ့ ဇာတ်ကားဖြစ်တာရယ်၊ ကာရိုက်တာလေးတွေကလည်း ရင်ခုန်ဖို့ကောင်းတယ်။ ရိုက်ကူးမှုပုံစံကလည်း နိုင်ငံတစ်ကာနဲ့ ချိတ်ဆက်ပြီး ဆန်းသစ်တဲ့အရာမျိုးလေးတွေ ရိုက်ရမှာ ဖြစ်တဲ့အတွက် ရိုက်ကူးဖြစ်တယ်။ ဒီဇာတ်ကားထဲမှာတော့ ထိုင်းမှာ အခြေချနေထိုင်ပြီး ၀င်ငွေကောင်းတဲ့ သူတစ်ယောက်နေရာကပါ” လို့ MC ကို ပြောပါတယ်။
#KyawKyawBo
#MyanmarCelebrity #MyanmarActor #MyanmarActress