"နှလုံးသွေးကြောကျဉ်း ရောဂါခံစားနေရပေမယ့် လက်ရှိကျန်းမာရေး အခြေအနေကတော့ ကောင်းမွန်ပါတယ်။ နှလုံးက အခန်း နှစ်ခန်း အလုပ်မလုပ်တော့ အောက်ဆီဂျင်ကို ငှားပြီး ရှူရတယ်။ အနုပညာ အလုပ်တွေလည်း ပြန်လုပ်ချင်ပါသေးတယ်" ဆိုတဲ့ သရုပ်ဆောင် ဒေါ်စံပယ် အား ဒီကနေ့ သြဂုတ်လ (၂၉ ) ရက်နေ့မှာ သရုပ်ဆောင် နေယံ က ရန်ကုန်၊ မြောက်ဥက္ကလာ ရှိ သူမရဲ့ နေအိမ်သို့ အလှူငွေများ သွားရောက်လှူဒါန်းခဲ့ပါတယ်။
By - MyanmarCelebrity
“သိသိချင်း နောက်နေ့မနက်မှာပဲ သူငယ်ချင်းတွေနဲ့ စုပြီး လာလှူဖြစ်တယ်။ လောလောဆယ် (၄) သိန်း (၃) သောင်း လာလှူတာပေါ့။ နောက်မှာ ထပ်စုပြီးလာလှူဦးမယ်။ အမေနက်က (၄)၊ (၅) လောက် အတူတူရိုက်ဖူးတယ်။ အခုလိုမြင်ရတော့ စိတ်မကောင်းဘူး” လို့ MC ကို ပြောပါတယ်။
#MyanmarCelebrity #MyanmarActor