ဒါရိုက်တာ တည်တံ့ ရိုက်ကူးနေပြီး သရုပ်ဆောင် မြင့်မြတ်၊ ခင်လှိုင်၊ ဂျိုကာ၊ စိုးမြတ်သူဇာ နှင့် ရွှေမှုံရတီ တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ "ချာလီဘ နှင့် ဂေါ်လီမ" ရုပ်ရှင်ဇာတ်ကား ကို ဇူလိုင်လ (၂၉ ) ရက်နေ့က ရန်ကုန်၊ Story Book Movie Studio မှာ ရိုက်ကူးခဲ့ပါတယ်။
By - MyanmarCelebrity
“ဇာတ်ကားနာမည် ဂေါ်လီမ ဆိုတဲ့ အတိုင်း ရှုပ်ရှုပ်ပွေပွေ နဲ့ ဗျာယာခတ်တဲ့ ပုံစံ သရုပ်ဆောင်ထားတယ်။ အပြင်မှာကြည့်ရင်ရိုးသလိုနဲ့ တကယ်တမ်းကျတော့ ကုပ်ကမြင်း ပုံစံ ကာရိုက်တာလေးပါ” လို့ MC ကို ပြောပါတယ်။
#ShweMhoneYati
“ဒီဇာတ်ကားလေးက အပျော်ဇာတ်ကားလေးပါ။ ရွှေမှုံရတီကို ငယ်ငယ်ကတည်းက တစ်ဖက်သတ် ကြိုက်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ ဒါပေမယ့် သူ့ကို ရည်းစားစကားသွားပြောတိုင်း အလွဲလေးတွေ အမြဲတမ်း ဖြစ်တယ်” လို့ MC ကို ပြောပါတယ်။
“ဒီဇာတ်ကားထဲ မြင့်မြတ် ရဲ့ အစ်ကို တစ်ဝမ်းကွဲ နေရာက သရုပ်ဆောင်ရတယ်။ Beauty Solon တစ်ခုဖွင့်ထားတော့ ဆိုင်မှာဆိုရင် မိန်းမလျှာ လိုနေပေမယ့် အပြင်မှာကျတော့ ယောင်္ကျားလိုနေတယ်။ ဟာသဇာတ်ကားလေးပါ” လို့ MC ကို ပြောပါတယ်။
#SoeMyatThuzar
#Joker
#MyanmarCelebrity #MyanmarActor #MyanmarActress