အလှမယ် ဟန်တီ ရဲ့ (၂၁) ပြည့်မွေးနေ့ အကြိုအလှူအဖြစ် ဒီကနေ့ ဇူလိုင်လ (၂၁) ရက်နေ့က ရန်ကုန်၊ တာမွေမြို့နယ်၊ အလိုတော်ပြည့်ကျောင်းတိုက် မှာ သံဃာ အပါး (၂၅၀) ကို ဆွမ်းကပ် လှူဒါန်းခဲ့ပါတယ်။
“ဟန်တီက အစ်မ အမျိုးသားရဲ့ တူမလေး ဖြစ်တဲ့အပြင် ငယ်ငယ်လေးကတည်းက ကြိုးစားတယ်။ အခုလို Miss Myanmar World 2018 ရသွားတဲ့အတွက် ဂုဏ်ယူမိတယ်။ မွေးနေ့မှစပြီး နောက်ပြိုင်မယ့် ပြိုင်ပွဲတွေမှာရော ရှေ့ဆက်မယ့် အနုပညာ လမ်းကြောင်းမှာရော အောင်မြင်မှုတွေရပါစေ။ မိသားစုနဲ့ အတူတကွ ဖြတ်သန်းနိုင်ပါစေ” လို့ MC ကို ပြောပါတယ်။
#ReBeccaWinn
“(၂၁) ပြည့်မွေးနေ့က သူ့အတွက် အရမ်းအရေးကြီးတယ်။ အခုက မိဘကျေးဇူးဆပ်တဲ့အနေနဲ့ Miss Myanmar World ဆုကို ပေးတယ်။ (၁) လပိုင်းကျရောက်မယ့် အန်တီ့ရဲ့ မွေးနေ့မှာလည်း Miss World ဆုကို ယူလာပေးဖို့ သမီးကို မွေးနေ့လက်ဆောင် တောင်းထားတယ်” လို့ MC ကို ပြောပါတယ်။
#HanTi
#HtunKoKo
#YoonYoon
#Myanmarcelebrity #MyanmarSinger #MissMyanmar