" Jewelshine Gems" ရဲ့ လက်ဝတ်ရတနာ ကြော်ငြာ ရိုက်နေတဲ့ ရွှေမှုန်ရတီ
" Jewelshine Gems" ရဲ့ လက်ဝတ်ရတနာ ကြော်ငြာ အတွက် ဇွန်လ (၁၁) ရက်နေ့ က ရန်ကုန် ၊ JASON Photo Studio မှာ သရုပ်ဆောင် ရွှေမှုန်ရတီ က ဓါတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။
" လက်ဝတ်ရတနာရိုက်ရင် ဆံထုံးနဲ့ပဲ ရိုက်တာများလို့ သဲဆန်းဆန်းပြားပြားလေး လုပ်ပေးထားပါတယ်။ လလက်ဝတ်ရတနာ ဒီဇိုင်းကလည်း ဆန်းတယ်။ မိတ်ကပ်ကိုလည်း လင်း က သေချာလေးပြင်ပေးထားပါတယ်။ သဲကိုယ်တိုင်လည်း ရွှေ ၊ စိန် ၊ ကျောက်မျက်ရတနာ ၀တ်ရတာ ၊ စုရတာ ၀ါသနာလည်း ပါတယ် " လို့ သရုပ်ဆောင် ရွှေမှုန်ရတီ က MC သို့ပြောပါတယ်။
#MyanmarCelebrity #ShweHmoneYati
မိတ်ကပ် - လင်းလင်း