ဒါရိုက်တာ သန့်စင်အောင် ရိုက်ကူးနေတဲ့ "ရွှေချွေးမ" ဗီဒီယို ဇာတ်ကားကို ဒီကနေ့ ဇွန်လ (၂၆) ရက်နေ့က ရန်ကုန်၊ သန်လျင် မှာ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် အိစိကွေး နှင့် ယဉ်လက် တို့က အဓိက ပါဝင်ရိုက်ကူးထားပါတယ်။
By - MyanmarCelebrity
"အမေကအရမ်းချမ်းသာတော့ ဆင်းရဲတဲ့ကောင်မလေးနဲ့ သဘောမတူဘူး။ အဲတာကြောင့် ကောင်မလေးနောက်လိုက်သွားပြီး ဆင်းဆင်းရဲရဲ လုပ်ကိုင်စားသောက်ရတယ်။ အရင်တုန်းက ကလေးလို သရုပ်ဆောင်ရပေမယ့် အခုက လူကြီးလို ချစ်ခန်းကြိုက်ခန်းတွေ ရိုက်ရတော့ အခက်အခဲတွေရှိတယ်။ လုပ်နေကျမဟုတ်တော့ သိပ်အသားမကျသေးပေမယ့် အကောင်းဆုံးကြိုးစားထားတယ်" လို့ MC ကို ပြောပါတယ်။
"ဒီဇာတ်ကားမှာက စိတ်ရင်းကောင်းပေမယ့် ကိုယ့်ကိုလာကြောရင် သည်းခံတတ်တဲ့ ပုံစံမျိုးမဟုတ်ဘူး။ နည်းနည်းဆိုးတယ်။ ကိုယ့်ကိုလုပ်ရင် ပြန်လုပ်လိုက်ရမှ ကျေနပ်တယ်။ ယောက္ခမနဲ့တွေ့တဲ့အခါမှာလည်း ကိုယ့်ကိုအရမ်းတင်စီးထားတော့ နောက်ပိုင်းမှာ ယောက္ခမကို ပြန်နှိပ်စက်တဲ့ ပုံစံလေးပါ။ ကိုယ့်ယောင်္ကျားကိုချစ်ပေမယ့် ယောက္ခမကို အရမ်းမုန်းနေတော့ အရင်တုန်းက လုပ်ခဲ့သမျှတုန်းက ပြန်လုပ်တယ်" လို့ MC ကို ပြောပါတယ်။
#MyanmarCelebrity #MyanmarActor #MyanmarActress