Rock ဂီတကို ချစ်မြတ်နိုးတဲ့ ဂီတသမား (၅)ဖွဲ့ ပူးပေါင်းပြီး ပြုလုပ်ခဲ့တဲ့ " Graduated Rock Show " ဖျော်ဖြေပွဲကို မေလ (၁၉) ရက်နေ့ က ရန်ကုန်၊ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ စိုင်းလေး(Cicada)၊ နောင်ရိုး (Auxiliaries)၊ စစ်နိုင် (Rock Of Ages)၊ ထုံကြီး (Alternative View) နှင့် အေသင်ဇော်ဇော် (Assignment) တို့ Band (၅) ခု ပူးပေါင်းပြီး ကိုယ်ပိုင်သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။

" ကိုနောင်ရိုးက စလုပ်မယ်ဆိုပြီးတော့ ပွဲစစီစဉ်တာပေါ့ ။ သူကလှမ်းပြီးဖုန်းဆက်တယ် ညီအစ်ကိုလိုလည်း ခင်နေကြတော့ တူတူဖျော်ဖြေဖြစ်သွားတာပါ ။ ကျွန်တော်တို့ကို ဆက်ပြီးအားပေးကြဖို့ ပြောချင်တယ် ။ နောင်ပိုင်း ကိုယ်စွမ်းရှိသလောက် အကောင်းဆုံးကြိုးစားသွားမယ် လို့ပြောချင်ပါတယ် " လို့ MC သို့ပြောပါတယ်။
Myanmar Celebrity #SittNaing #NaungYoe #SaiLay #AtheneZawZaw #HtoneGyi