မေလ ( ၁၇) ရက်နေ့ မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ " လိင်တူချစ်သူခြင်းအပေါ် ကြောက်ရွံ့မုန်းတီးသူများအား ဆန့်ကျင့်ရေးနေ့ " အထိမ်းအမှတ်ပွဲ ကို ရန်ကုန် ၊ မြန်မာပလာဇာ မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ လိင်တူချစ်သူများ ပါဝင်ဆင်နွှဲခဲ့ပြီး Transgender Catwalk Show ပွဲ ၊ Zumba အက ဖျော်ဖြေခြင်းများ နှင့် အခမဲ့ မိတ်ကပ်ပြင်ပေးတဲ့ အစီအစဉ်များ ပါဝင်ခဲ့ပါတယ်။

" ဒီနေ့ပွဲက LGBT တွေရဲ့ပွဲဖြစ်တယ်။ ကိုယ်တိုင်လည်း မိန်းမလျာတစ်ယောက် အနေနဲ့ လာတတ်ရောက်ဖြစ်တာပါ ။ ပွဲလေးတွေလုပ်ပေးတာကြောင့် လူသားပိုဆန်လာတယ် လို့ပြောလို့ရတယ်။ LGBT ဆိုတာလည်း လူပဲ ။ ယောကျားင်္ ၊ မိန်းမ ဆိုတာလည်း လူပဲ ။ အားလုံး လက်ခံလာလို့လည်း ဒီလိုပွဲတွေ လုပ်လို့ရတာလေ ။ အဲ့အတွက်ကြောင့် အများကြီး ၀မ်းသာတယ် " လို့ မိတ်ကပ် ညီညီမောင် (စမ်းချောင်း) က MC သို့ပြောပါတယ် ။
#MyanmarCelebrity #NyiNyiMaung