သားလေး ဝါသနာပါမယ့်အရာကိုပဲ တွန်းပို့ထောက်ပံ့ပေးမယ် ဆိုတဲ့ ထွန်းအိန္ဒြာဗို


“ဒီခေတ်ကလေးတွေရဲ့ အချိန်ဇယားက တော်တော်ကြပ်တယ်။ ဒါကြောင့် သားလေးအားမယ့် အချိန်လေးကိုပဲ ယူရတာပေါ့။ သားက အနေအေးတယ်။ ပညာသင်တဲ့အရွယ်မို့ ပညာကိုပဲ အဓိက သင်ယူစေချင်တယ်။ သူ့အဖေကတော့ ဂေါက်အားကစားကို train ပေးနေတာနဲ့ ဝါသနာပါနေတာပေါ့။ အနုပညာကို မဲမဆွယ်ထားတော့ သားလေး ဘာဖြစ်ချင်သလဲ ဆိုတာကိုပဲ ဖြည့်ဆည်းပေးဖို့ စောင့်နေတယ်။ သူ့အပေါ် စိတ်ရှည်ပြီး သူမေးသမျှဖြေပေးရင် အဆင်ပြေတယ်။ ဘာသာတရား၊ ယဉ်ကျေးမှုကို ပုံပြင်ပြောသလို နည်းနည်းစီ သွင်းရတာမို့ အရမ်းကြီး ထိန်းချုပ်လို့မရဘူး” လို့  MC ကို ပြောပါတယ်။

By - MyanmarCelebrity







#MyanmarCelebrity #HtunAeindraBo #MyanmarActress

Related Posts

Scroll to top