“ ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကား က ရရှိခဲ့တဲ့ အကျိုးအမြတ်တွေ ကို ခီမောင်နှံက အဖွဲ့သားတွေကို ခွဲဝေပေးခဲ့ပါတယ်၊ ဇဏ်ခီ ကိုယ်တိုင် US မှာ Coffee ၀ယ်ပေးခဲ့ရတဲ့အထိ အောက်ခြေဘ၀က စခဲ့ရတဲ့အတွက် အလုပ် နဲ့ ငွေရဲ့ တန်ဖိုး ကို နားလည်တယ် လို့ ဇဏ်ခီ က MC သို့ပြောပါတယ်
“ ဒီလိုလုပ်ပေးနိုင်တဲ့ အဆင့်ရောက်လာတဲ့ အတွက် ၀မ်းသာတယ်။ ကျွန်တော်တို့လည်း US မှာဆိုရင် Coffee ၀ယ်တာတွေ အထိ အောက်ခြေကနေ စလာခဲ့တာ။ စခဲ့ရတဲ့အတွက်ကြောင့် အလုပ်ရဲ့ တန်ဖိုး ၊ ငွေရဲ့ တန်ဖိုးကို ကျွန်တော်တို့ နားလည်တယ်။ ဒါကြောင့် မြန်မာပြည်ပြန်ရောက်လာတဲ့ အချိန်မှာ Flim Set မှာ Motivation တစ်ကယ်ရှိပြီး အလုပ်ကိုကြိုးစားတဲ့ သူတွေကို အမြဲလိုက်ရှာတယ်။ (၁၀) နှစ်နီးပါးမှာ ရုပ်ရှင်(၂)ကားထွက်လာခဲ့တယ် ။ ရုပ်ရှင် (၂) ကားက ကျွန်တော့်တို့အတွက် အဖတ်တင်တဲ့ သဘောမျိုးရှိခဲ့တယ်။ ကျွန်တော်တို့ ဆောက်နေတဲ့ ရုပ်ရှင်ပလက်ဖောင်းမှာ အင်တာနေရှင်နယ်လို့ ပြောလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ မင်းသား ၊ မင်းသမီး ၊ ဒါရိုက်တာတွေပဲ သွားတာမဟုတ်ဘူး။ ကျွန်တော်တို့ Crew တစ်ခုလုံးက အင်တာနေရှင်နယ် ပလက်ဖောင်းပေါ်ကို သွားရမယ်။ International means Better Pay ပေါ့ ။ ပိုက်ဆံပိုပြီးတော့ ရရမယ်။ သူတို့ကို Take Care ကောင်းကောင်း လုပ်နိုင်ရမယ်။ အဲ့ Standard ကိုရောက်အောင်သွားနေတာပါ ” လို့ သူကပြောပါတယ်။