သရုပ်ဆောင် နေတိုး က (၂၀၁၈) နဲ့ (၂၀၁၉) ခုနှစ် မှာ ရိုက်ကူးဖို့လက်ခံထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ကွာခြားတဲ့အကြောင်းနဲ့ပတ်သက်ပြီး MC သို့ပြောပြခဲ့ပါတယ်။
“ ၂၀၁၉ ဆိုရင် ကျွန်တော် (၇)ကား ၊ (၈) ကားလောက်ပဲ ရိုက်တော့မှာပါ ။ ၂၀၁၈ ထဲမှာဆိုရင် လက်ရှိ လက်ခံထားတဲ့ ဇာတ်ကားတွေကို ရိုက်ပေးနေရတာပေါ့။ ၂၀၁၉ ထဲမှာဆိုရင်တော့ Contrast တစ်ခုနဲ့ သေချာပြင်ဆင်ပြီး ရိုက်ရမယ့် ပုံစံလုပ်လိုက်တယ် ။ ၂၀၁၈ ထဲမှာလည်း ကျွန်တော် ပုံမှန်ရိုက်ကူးနေကျ ဇာတ်ကားပုံစံမျိုးထဲကမှ ကျွန်တော်တို့က ဇာတ်လမ်း ၊ ဇာတ်အိမ် တည်ဆောက်မှုပုံစံ အားကောင်းတဲ့ဘက်ကိုပဲ ရွေးချယ်ထားတယ်။ ၂၀၁၉ ကျတော့ Presentation ဦးစားပေးတဲ့ အရမ်းကို High Budget သုံးပြီး ရိုက်ရတဲ့ ဇာတ်လမ်းတွေကို ရိုက်မယ်။ ၂၀၁၈ နဲ့ ၂၀၁၉ ပုံစံလေးက မတူဘူးပေါ့ ။ ၂၀၁၈ ထဲမှာ အနုပညာအင်အားကောင်းတဲ့ ကာရိုက်တာမျိုးတွေ ကိုယ့်ကိုကြည့်ရမယ့်အချိန်မှာ ပရိသတ်က ကျေနပ်နိုင်မယ့် ပုံစံမျိုးတွေပါမယ်။ ၂၀၁၉ ကျတော့ ဇာတ်ကားတစ်ကားလုံးမှာ ကျွန်တော်က ၄၀ ရာခိုင်နှုန်းလောက်ပဲ ပါရင်ပါမယ်။ ဒါပေမယ့် ဒီဇာတ်ကားကို တည်ဆောက်ထားတဲ့ ပုံစံကတော့ High Budget နဲ့ တည်ဆောက်ထားတဲ့ ဇာတ်လမ်းပုံစံအမျိုးအစားပါပဲ ။ ၂၀၁၈ နဲ့ ၂၀၁၉ ကတော့ ရိုက်ချင်တဲ့ ပုံစံလေးတွေ အဲ့လိုခွဲထားတယ် ” လို့ အနုပညာ Plan ကို နေတိုးကပြောပြပါတယ်။
By Myanmar Celebrity
#myanmarcelebrity #naytoe