MyanmarIdol မှာ အရွှန်းဖောက်တာပိုမြင်ရမယ် - ကျော်ထက်အောင်
MyanmarIdol Season 3 အစီအစဉ် မှာ ဒိုင်(၄)ယောက်ဖြစ်သွားတာကြောင့် သာမာန်ထက်ပိုတဲ့ အရွှန်းဖောက်တာတွေ ပိုမြင်ရမှာပါ လို့ သရုပ်ဆောင် ကျော်ထက်အောင် က MC သို့ပြောပါတယ်။
“ အခု လတ်တလောကတော့ ကျွန်တော် Idol နဲ့ပဲ အလုပ်ရှုပ်နေပါတယ် ။ ပြီးခဲ့တဲ့ (၁) လလောက်ကတော့ မျက်နှာဖုံးများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ထားပါတယ်။ ဒါရိုက်တာကတော့ ကိုမင်းဦးပါ။ Idol ကတော့ မြန်မာနှစ်ဆန်း(၁) ရက်နေ့ သင်္ကြန်ပြီးရင် နယ်တွေလှည့်ပြီး audition လုပ်ထားတာတွေ ပြပါမယ်။ Live ကတော့ ဂျူလိုင် ၊ သြဂုတ် လောက်ဖြစ်မှာပါ။ သာမာန်စဉ်လေးတွေကတော့ ပါမှာပါ ။ ထပ်ပြီးတော့ ဒိုင်(၄)ယောက်ဖြစ်သွားတဲ့ အတွက်ကြောင့် အရွှန်းဖောက်တာလေးတွေ ပိုများမှာပေါ့ ။ ပြီးတော့ ပိုပြီးတော့ ကောင်းမယ့်အဆိုရှင်တွေကိုလည်း တွေ့ရမှာပါ ” လို့ သူကပြောပါတယ် ။
By - Myanmarcelebrity
#myanmarcelebrity #kyawhtetaung