သရုပ်ဆောင် အောင်မင်းခန့် ရဲ့ အကယ်ဒမီ ၀တ်စုံ ကို ဒီဇိုင်နာ ပြည်စိုးအောင် က အစအဆုံး တာဝန်ယူမှာ ဖြစ်တယ်လို့ သူက MC သို့ပြောပါတယ် ။
“ ဒီနှစ် အကယ်ဒမီ ဖက်ရှင် ကတော့ ဦးပြည်စိုး ကနေ အစအဆုံး လုပ်ပေးမှာပါ ။ လက်ဝတ်ရတနာ ကတော့ စိန်နန်းတော် ကပါ ။ Colour က ခဲရောင် ပါ။ ကျွန်တော် " မနေ့ကဖြစ်သည် (၂) " ဇာတ်ကားရိုက်လို့ ပြီးပါပြီ ။ (၁၀) လပိုင်း လောက်ဆိုရင်တော့ ထွက်ပါပြီ ။ ဒီဇာတ်ကားထဲမှာ ကျွန်တော် ရှေ့မှာ ရိုက်ခဲ့တဲ့ ဇာတ်ကားတွေ နဲ့ မတူပါဘူး ။ နည်းနည်းလေး ပေတေတေနိုင်တယ် ။ ကျွန်တော် လုပ်ချင်တာလုပ်မယ့် ကာရိုက်တာလေး ကို သရုပ်ဆောင်ထားတာပါ ” လို့ သူကပြောပါတယ်။
By Myanmar Celebrity
#MyanmarCelebrity #AungMinKhant