တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကို နှင်းဆီကုန်း အ.ထ.က (၅) ကျောင်း မှာ Bio နဲ့ ဖြေဆိုခဲ့တဲ့ သရုပ်ဆောင် ငွေမှုန်ရတီ က စာမေးပွဲဖြေနိုင်ပါတယ် ၊ ဂုဏ်ထူးတော့ မမှန်းထားပေမယ့် အောင်မယ်လို့ ယုံကြည်ပါတယ် လို့ MC သို့ပြောပါတယ်။
“ စာမေးပွဲဖြေနိုင်ပါတယ်။ ညီမ အောင်မယ်လို့လည်း ယုံကြည်ပါတယ်။ ညီမကြိုးစားခဲ့တာတွေအတွက် တစ်အားလည်း ပင်ပန်းတယ်။ စာလည်း တစ်အားကျက်ရတယ်။ စာမေးပွဲအောင်မယ်လို့ ယုံကြည်ပါတယ်။ အဓိက ကတော့ Bio နဲ့သချာင်္ပေါ့ ။ ညီမက သချာင်္တော့ နည်းနည်းအားနည်းတယ်။ ဒီဘာသာတွေ အဓိကကြိုးစားပြီး ကျက်တာပေါ့ ။ ညီမ (၁၁)လပိုင်း နောက်ဆုံး ဇာတ်ကားရိုက်ထားတယ်။ အဲ့နောက်ပိုင်း တောက်လျောက် ဆရာမ(၃)ယောက်ခေါ်ထားတယ် ။ မနက်(၁၀) နာရီထဲကနေ ညနေ(၆)နာရီ အထိ စာလုပ်တယ်။ တစ်ခါတစ်လေဆိုရင် (၈) နာရီကျော်သွားတယ်ပေါ့ ။ နှင်းဆီကုန်းလမ်းထဲက အ.လ.က(၅) မှာစာမေးပွဲဖြေတာ။ ရင်ခုန်တာထက် မေးခွန်းဘယ်လိုလာမလဲ ၊ မေးခွန်းဘယ်လို လှည့်မလဲဆိုတာကို ကြောက်တာပေါ့။ ကိုယ်ကတော့ အကုန်လုံးလုပ်ထားတာပဲ မေးခွန်းနားမလည်လို့ ဆိုရင် သွားပြီလေ။ အဓိကကတော့ အဲ့တာကိုကြောက်တာ ။ ဂုဏ်ထူးတော့ မမှန်းထားပါဘူး ။ အောင်သွားရင်ကျေနပ်ပြီ ” လို့ သူမကပြောပါတယ်။
By Myanmar Celebrity
#MyanmarCelebrity #NgweHmoneYati