"L'OREAL Paris Myanmar" အလှကုန်မှ Revitalift Dermalift Essence Water ပစ္စည်းသစ် မိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရန်ကုန် ၊ SEEDs Restaurant မှာပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို ဆန်းထွဋ် ၊ အွန်ဆိုင်း ၊ စုမြတ်နိုးဦး ၊ မေဦး ၊ မျိုးကိုကိုစန်း နှင့်အတူ အနုပညာရှင်များ တတ်ရောက်ခဲ့ပါတယ်။
" ဒီနေ့ကတော့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲပါ ။ ဆေးမြင်းခွာရွက် ရဲ့ အဆီအနှစ် ၉ ၂ ရာခိုင်နှုန်း သန့်စင်ထားတယ်။ မျက်နှာပေါ်က အစင်းကြောင်းတွေကို အာနိသင်ရရှိစေမယ့် ထုတ်ကုန်ပစ္စည်းတစ်ခုပါ " လို့ 
L'OREALမှ တာဝန်ရှိသူတစ်ဦးက MC သို့ ပြောပါတယ်။
#MyanmarCelebrity #MayOo #SanHtut #SuMyatOo #MyoKoKoSan