ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတဲ့အခါ လေးစားအားကြတဲ့ အနုပညာရှင်တွေ လက်တွဲခေါ်ယူတဲ့အတွက် ပညာအများကြီးရပါတယ် လို့ သရုပ်ဆောင် ရွှေသမီး ကMC သို့ပြောပါတယ်။
“ကိုယ်တိုင်က ဇာတ်ကားရိုက်တဲ့အခါ ဟာသရော ၊ ဒရမ်မာရော ဆိုတော့ ပရိသတ်က Comment တွေ အများကြီးပေးတာ ကြောင့်ကျေးဇူးလည်း တင်ပါတယ် ။ ကိုယ့်အတွက် လေ့လာစရာတွေကတော့ အများကြီးပါပဲ ။ ရိုက်ကွင်းတစ်ခုစီတိုင်း က ပညာတွေ ၊ လေ့လာစရာတွေ အများကြီးရပါတယ်။ ကိုယ့် ရဲ့ လေးစားအားကြတဲ့ စီနီယာတွေ ၊ ဆရာတွေ အားလုံးက ကိုယ့်ကိုလက်တွဲခေါ်ပြီးတော့ မသိတာဆိုရင် ပြောပြကြပါတယ်။ လက်တွဲခေါ်တယ် ။ အဲ့အတွက်ကြောင့် ပညာတွေ အများကြီးလည်း ရပါတယ် ” လို့ သူမကပြောပါတယ်။
By Myanmar Celebrity
#MyanmarCelebrity #ShweThamee