ဖေဖော်ဝါရီလ (၂၃) ရက်နေ့က ရန်ကုန်၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ONE Championship, Mixed Martial Arts (MMA) ကိုယ်ခံပညာပေါင်းစုံသုံး ပြိုင်ပွဲရဲ့ LIGHT Heavyweight တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲမှာ ကချင်ပြည်နယ်ဖွား အမေရိကန်နိုင်ငံသား အောင်လအန်ဆန်း (Burmese Python) က အနိုင်ရခဲ့ပါတယ်။ မြန်မာနိုင်ငံသား ဖိုးသော် ကလည်း ရှုံးပွဲမရှိ စံချိန်ထပ် တင်နိုင်ခဲ့ပါတယ်။
အောင်လအန်ဆန်း က ပြိုင်ဘက် ဘရာဇီး နိုင်ငံသား အလက်ဇန်းဒါး မာချာဒို ကို (၅၆) စက္ကန့်အတွင်းမှာ အလဲထိုး အနိုင်ယူပြီး One Championship ရဲ့ Middleweight & Light Heavyweight တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် (၂) ခုကို ပိုင်ဆိုင်သွားတာပဲ ဖြစ်ပါတယ်။
" ကျွန်တော် ပထမဦးဆုံး အရမ်းဝမ်းသာတယ်။ ဘုရားသခင်ကို အရမ်းလည်းကျေးဇူးတင်တယ်။ ပြီးတော့ ပရိသတ်တွေ အာလုံးကိုလည်း ကျေးဇူးတင်တယ်။ ကြိုးစားတာ တစ်ခုတည်းနဲ့ပဲ မရဘူး။ ကျွန်တော့်ရဲ့ အသင်းနဲ့ တိုင်းပြည်၊ မိသားစုဝင်တွေ အကုန်လုံး အားပေးကြလို့ ။ တစ်ယောက်တည်းနဲ့ဆိုရင် ကျွန်တော် အောင်မြင်မှာလည်း မဟုတ်ဘူး။ ကျွန်တော်အားလုံးကိုချစ်သလို ၊ ကျေးဇူးတင်တယ်။ ဒီလောက်တောင် အောင်မြင်မယ်လို့ ကျွန်တော်လည်း မစဉ်းစားခဲ့ဘူး။ သူများတွေ ကြည့်ချင်တာက ပွဲကောင်းကောင်းကြည့်ချင်တဲ့အတွက်ကြောင့် အများကြီးပိုကြိုးစားမယ် ။ အခုထိုးတာကို ကြည့်တာက စက္ကန့်နဲပဲနော်။ ဒါပေမယ့် ကျွန်တော်ကျင့်ခဲ့ရတာ ၈ ပတ်ရှိပြီ။ မိသားစုနဲ့ မတွေ့ပဲနဲ့ ကျွန်တော်တစ်ယောက်တည်းပဲ အခန်းသေးသေးလေးမှာ နေပြီးတော့ အရမ်းကြိုးစားပြီးတော့ ကျင့်ခဲ့ရတာပါ ။ ဒါက မလွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး " လို့ အောင်လအန်ဆန်း က MC သို့ပြောပါတယ်။
ONE Championship, Mixed Martial Arts (MMA) "QUEST FOR GOLD" Light Heavyweight World Championship Match was held on February 23, 2018 at the Thuwunna Stadium in Yangon, Myanmar. #BurmesePhython#AungLaNSang #OneChampionship