ဇာတိမြေ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတာက အရမ်းကံကောင်းတယ်လို့ထင်ပြီး လောလောဆယ် စိတ်ခုန်တာတင်မဟုတ်ပဲ လက်ပါခုန်နေပါတယ်လို့ မိုရိစခိဝင်း က MC သို့ပြောပါတယ်။
“ ကျွန်တော် မြန်မာပြည်လာတယ်ဆိုတာက အဘွားနဲ့တွေ့ဖို့ပဲ လာတာပါ။ အရင်တုန်းကဆိုရင်ပေါ့ ။ အခုဆိုရင် ကံလည်းကောင်းသလို ဒီဇာတ်ကားမှာပါရတာဖြစ်တာကြောင့် အလုပ်နဲ့လာရတာ ပိုများလာတယ်။ အားလုံးကပြောင်းလဲသွားတာပေါ့ ။ အဲ့တော့စိတ်တွေလည်းခုန်နေတယ်။ လက်တွေပါခုန်နေပါတယ်။ စိတ်တွေက အပြင်ကိုထွက်နေတယ်။ ကျွန်တော် က ဒီဇာတ်ကားထဲမှာတော့ မိုရိစခိဝင်း နဲ့ သိပ်မကွာဘူး။ ကျွန်တော် က ဂျပန်နိုင်ငံသွားပြီး အဆိုတော်ဖြစ်ချင်တဲ့ အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ပေါ့ ။ ဂျပန်ပြည်မှာ ကြိုးစားနေတဲ့ မြန်မာပြည်သားအစစ်တစ်ယောက် ။ တိုင်းပြည်ကိုချစ်တဲ့ စိတ်ကလည်း မြန်မာလူမျိုးတစ်ယောက်လိုပဲ မကွာဘူးပေါ့ ” - မိုရိစခိဝင်း
By MyanmarCelebrity
#MyanmarCelebrity #Morisakiwin