"ဂုဏ် သိက္ခာပိုင်းနဲ့ ဆိုင်တဲ့ ပြသနာတွေကိုပဲ ဖြေရှင်းမယ်" ဆိုတဲ့ ပက်ထရစ်ရှာ


မော်ဒယ်၊ သရုပ်ဆောင် ပက်ထရစ်ရှာက "ဝေဖန်တိုက်မှုတွေက သူမအတွက် Used to ဖြစ်နေပါပြီ၊ ဂုဏ်သိက္ခာပိုင်းအရ ပက်သက်တဲ့ ပြောဆိုမှုတွေကိုပဲ ပြန်လည် ဖြေရှင်းတော့မယ်" လို့ MC သို့ ပြောခဲ့ပါတယ်။


“ညီမအတွက်က Used To ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။ နောက်ပိုင်း ညီမကို တိုက်ခိုက်လာရင်တောင် ဘာမှတော့ သိပ်မဖြစ်တော့ဘူး။ ညီမဂုဏ်သိက္ခာနဲ့ ပက်သက်ပြီး ပြောဆိုလာတာတွေကိုပဲ ရှင်းတာရှိတော့ တာပေါ့။ ငယ်ငယ်တုန်းကဆိုရင်လည်း ကျောင်းမှာဆိုရင် အတိုက်အခိုက်ခံရဆုံး၊ ကိုယ့်ဘာသာ ကိုယ်နေပေမယ့် မနာလိုခံရတာလည်း အရမ်းများတယ် ။ အဲ့တာကြောင့်လည်း တိုက်ခိုက်တယ်လို့ ထင်ပါတယ်။ တစ်ချို့တွေကတော့ အပစ်ပြောချင်လို့ကို ဘာလုပ်လုပ်ပြောနေမှာပဲပေါ့နော်။” - ပက်ထရစ်ရှာ


ဝေဖန်တိုက်ခိုက်မှု တွေများတာက သူမ၏ ဟန်မဆောင်တတ်တဲ့ မျက်နှာအနေအထားကြောင့် ဖြစ်မယ် ထင်တယ်လို့ ပက်ထရစ်ရှာ က ပြောပါတယ်။ “ဒီလောကထဲကို စ၀င်ကတည်းက ညီမကိုတိုက်ခိုက်တာ ပြဿနာ အကြီးကြိးတွေပါပဲ။ နောက်ကွယ်ကနေ တိုက်ခိုက်နေတဲ့ သူတွေ အများကြီးရှိတယ်။ ရိုက်ကွင်းမှာဆိုရင်လည်း ရိုက်ကွင်းမှာ မို့လို့ပေါ့နော်။ ကိုယ့်ကို တိုက်ခိုက်တဲ့ သူတွေအများကြီးပဲ။ တစ်ကယ်စိတ်ထား ကောင်းတဲ့ သူတွေနဲ့လည်း တွေ့ရပါတယ်။ ညီမကတော့ အဲ့ဒီလိုမျိုးတွေ မဖြစ်ချင်ဘူး ပေါ့နော်။ အခု မင်းသမီး လုပ်တော့ ပိုပြီးတော့ တိုက်ခိုက်ခံရတာများတာပေါ့။ မင်းသမီးလောကထဲ ရောက်တော့ ပိုပြီးတော့ လူသိသွားသလို တိုက်ခိုက်မှု ပိုများလာတယ်" လို့ သူမကပြောပါတယ်။






Myanmar well-known actress & model Patricia says she will only response to criticism which attacks her dignity.#Patricia #SueShaNaing #MyanmarActress
Photos from Patricia Facebook.

Related Posts

Scroll to top